myanmar noble university

aiming for success
Event & News Events (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ

(၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ24 October 2023
(၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ

𝗠𝗡𝗨 ၂၀၂၃-၂၄ ပညာသင်နှစ်၊ (၁၂) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနား

၁၉.၁၀.၂၀၂၃ မှာ 𝗠𝗡𝗨 ရဲ့ အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သီတင်းကျွတ်ဆရာကန်တော့ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပညာသင်ကြားပေးနေတဲ့ ဆရာ/မတွေနဲ့ ကျောင်းသားတွေကြား အပြန်အလှန်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို အားလုံးခံစားသိရှိရတဲ့ နေ့လေးပဲဖြစ်ပါတယ်။

𝗠𝗡𝗨 ရဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ 𝗛𝗡𝗗၊ 𝗨𝗧𝗣၊ 𝗟𝗲𝘃𝗲𝗹-𝟯၊ 𝗜𝗙𝗣 အတန်းတွေမှာ ပညာဆည်းပူးနေတဲ့ ကျောင်းသားကျောင်းသူအဟောင်း၊အသစ်အားလုံးက "စေတနာ၊ဝါသနာ၊အနစ်နာ" ဆိုတဲ့ နာ(၃)နာခံကာ ဆရာစားမချန်သင်ကြားပေးကြတဲ့ ကျေးဇူးရှင် ဆရာ၊ဆရာမများကို လက်ဆယ်ဖြာချီမိုးကာ ညီညာဖျဖျ ဝပ်တွားရိုသေကန်တော့ခဲ့ကြပါတယ်။

ကန်တော့ခံ ဆရာ/မများကလည်း ရင်ထဲက ပီတိ၊ မျက်နှာပေါ် အပြုံးထင်ဟပ်ပေါ်လွင်ကာ ချစ်ကြည်နူးစွာဖြင့် တပည့်များကို ဩဝါဒဆုံးမစကားများ ပြောကြားပြီးနောက် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး လိုရာပြည့်ဝစေကြောင်း ဆုမွန်ကောင်းများ ပြန်လည်ပေးခဲ့ပါတယ်။

ဒီလို ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ စိတ်ချမ်းမြေ့ကြည်နူးဖွယ် အာစရိယပူဇော်ပွဲအခမ်းအနားကို နောက်နှစ်များတွင်လည်း အစဉ်အလာမပြတ် ကျင်းပနိုင်ရန် ရည်မှန်းပြီး ကျောင်းရဲ့ ဖန်ဆင်းရှင် ဆရာ/မများနဲ့ကျောင်းသား/သူတွေရဲ့ အခိုက်အတန့်ပုံရိပ်လေးတွေကို မှတ်တမ်းတင်လိုက်ပါတယ်ရှင်။