myanmar noble university

aiming for success
Event & News Events Myanmar Noble University-CSR Activities

Myanmar Noble University-CSR Activities24 October 2023
Myanmar Noble University-CSR Activities

Myanmar Noble University-CSR Activities

ပဲခူးရေဘေးသင့်ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း

ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံပြီး ဒေသခံပြည်သူတွေက ရေဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့နေရကာ ရေဘေးကြောင့် စားဝတ်နေရေးအခက်ကြုံနေရတဲ့ ဒေသခံပြည်သူတွေအတွက် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐨𝐛𝐥𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ရဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာ/မတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အားလုံးစုပေါင်းပြီး ကာလတန်ဖိုး ကျပ်ငွေသိန်း (၂၀)ကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်၊ ဆန်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကို "အနာဂတ်ကြယ်ပွင့်" လူမှုကူညီရေးအသင်းမှတဆင့် ပေးအပ်ထောက်ပံ့ခဲ့ပါတယ်ရှင်။

ရေဘေးကူညီကယ်ဆယ်ရေးမှာ 𝗠𝗡𝗨 ကျောင်းမှ စုပေါင်းအင်အားနဲ့ အလှူတစ်ခုအထမြောက်ပြီး နှမ်းတစ်စေ့အဖြစ် ကုသိုလ်ယူလှုဒါန်းခွင့်ရခဲ့တဲ့အတွက် ပါဝင်လှူဒါန်းခဲ့သူအားလုံး ပျော်ရွှင်ဝမ်းမြောက်ရပါတယ်။ ကြည့်ရှုသူတွေအတွက် ကိုယ်တိုင်သွားရောက်လှူခဲ့သလို ခံစားပီတိဖြစ်ပြီး သာဓုခေါ်ဆိုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်ရှင်။