myanmar noble university

aiming for success
Event & News Events FAME Site Visit

FAME Site Visit16 October 2023
FAME Site Visit

နေ့စဉ်လူနေမူဘဝမှာအရေးပါတဲ့ ဆေးဝါးနှင့် ဖြည့်စွက်စာ များကို ထုတ်လုပ်လည်ပါတ်နေသော FAME Pharmaceuticals စက်ရုံကြီးသို့ ...

MNU မှ Electrical and Electronic Engineering ကျောင်းသားကျောင်းသူများ သွားရောက်လည်ပါတ်ကာ လက်တွေ့ ကွင်းဆင်းလေ့လာခဲ့တဲ့ အမှတ်တရပုံရိပ်များကို မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

FAME စက်ရုံရှိ တာဝန်ရှိလူကြီးမင်းများက MNU ကျောင်းသားကျောင်းသူများကို စက်ရုံအတွင်းလိုက်လံပြသရင်း စက်ရုံရဲ့အရေးကြီးဆုံး အစိတ်အပိုင်းများဖြစ်တဲ့ Controlling system နှင့် Bottling System များ၏ လုပ်ငန်းလည်ပတ်မူများအား ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။

အခုလို MNU ကျောင်းသားကျောင်းသူများကို နွေးထွေးစွာကြိုဆိုရင်း သိလိုသော အကြောင်းအရာများကို အသေးစိတ်ရှင်းပြကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသော FAME မှ စက်ရုံမှူးကြီး Dr. Phyoe Wai Aung နဲ့ ပညာရှင်များအားလုံးကို Myanmar Noble University မှ ကျေးဇူးအထူးတင်ရှိပါတယ်။

ကျောင်းသားကျောင်းသူများ ပြင်ပဗဟုသုတ တိုးပွားစေဖို့နှင့် Engineering သင်ခန်းစာများကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး လက်တွေလုပ်ငန်းခွင်မှာ ပြန်လည် အသုံးချစေနိုင်ဖို့ အခုလို Myanmar Noble University မှ Industrial Site Visit များခေါ်ဆောင်သွားရခြင်းဖြစ်ပါတယ်။