myanmar noble university

aiming for success
Event & News Events 8th Graduation 2023

8th Graduation 202312 October 2023
8th Graduation 2023

Myanmar Noble University က ရန်ကုန်မြို Lotte Hotel ရဲ့ Main Ballroom မှာ ၃၀.၉.၂၀၂၃ မှာ ကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် ဘွဲနှင်းသဘင် အခမ်းအနားကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါပွဲလေးဟာ Myanmar Noble University မှာ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားများကို

Bachelor ဘွဲများဖြစ်တဲ့
✅B.E (Hons) Civil
✅B.Eng (Hons) Mechanical Engineering
✅B.E (Hons) Electrical and Electronic Engineering
✅B.A(Hons) Business Management

Higher National Diploma ဘွဲလက်မှတ်များဖြစ်တဲ့
✅Construction and the Built Environment (Civil Engineering)
✅Electrical and Electronic Engineering
✅Business Management
✅Mechanical Engineering

Pearson Level (3) Diploma ဘွဲများ နှင့် International Foundation Programme Certificate များ၊ University of East London နှင့် Higher National Diploma ထူးချွန်ဆုများ ၊ အားကစားထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မိမိတိုရဲ့ စိတ်ကူးအိပ်မက်တွေကို Myanmar Noble University နှင့် အတူတကွ အကောင်အထည် ဖော်ပေးခဲ့တဲ့အတွက် အထူးပဲ ဂုဏ်ယူဝမ်းသာမိပါတယ်။

ဘွဲနှင်းသဘင်အခမ်းအနားမှာ သက်ဆိုင်ရာ ဘွဲလက်မှတ်တွေကို ချီးမြှင့်ပေးခဲ့ကြတဲ့ ဆရာ ဆရာမများ၊ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူများ၊ မိဘများနဲ့ ဧည့်သည်တော်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

MNU ကျောင်းသား၊ ကျောင်းသူတွေ အားလုံးလည်း မိမိတတ်မြောက်ထားတဲ့ ပညာရပ်တွေကို အကောင်းဆုံး အသုံးချကာ ထူးချွန်ထက်မြက်ပြီး လူ့ဘောင်လောက တိုးတက်ကြီးပွားနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ အင်ဂျင်နီယာ နဲ့ စီးပွားရေး ပညာရှင်ကြီးတွေဖြစ်လာပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။