ကမ္ဘာ့အဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်တဲ့ MITT သို့ လေ့လာရေးခရီးစဉ် (Industrial Site Visit)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့ က ကျွန်တော်တို့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရဲ့ Pearson BTEC HND Business Management Major ကျောင်းသား၊ ကျောင်းသူ Noblers တွေဟာ စာတွေ့သာမက လက်တွေ့လုပ်ငန်းခွင်ဗဟုသုတများရရှိကြစေဖို့အတွက် ကျောက်တန်းမြို့နယ်၊ သီလဝါ (Berth-5-9) ရှိ Myanmar International Terminals Thilawa (MITT) သို့သွားရောက်ပြီး "Industrial Site Visit" ပြုလုပ်ခဲ့ကြပါတယ်ခင်ဗျာ။
မနက် (၉:၀၀) မှ (၁၂:၀၀) အထိ သွားရောက်ခဲ့ကြတဲ့ ဒီခရီးစဉ်မှာ ကျွန်တော်တို့ MNC မှ Business ကျောင်းသား၊ ကျောင်းသူ Noblers စုစုပေါင်း (၆၉) ဦး စိတ်ဝင်တစား လိုက်ပါလေ့လာခဲ့ကြပြီး၊ ဆရာမများနှင့် တာဝန်ရှိသူများပါအနီးကပ်လိုက်ပါပို့ဆောင်ပေးခဲ့တာကြောင့် တကယ့်ကိုစည်ကားသိုက်မြိုက်ပြီး အားလုံးအတွက် ထိရောက်တဲ့ခရီးစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒီကွင်းဆင်းလေ့လာရေးခရီးစဉ်ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ Logistics & Supply Chain လုပ်ငန်းစဉ်တွေကို ကိုယ်စီမျက်ဝါးထင်ထင် လေ့လာခွင့်ရခဲ့ကြတဲ့ activity ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ -
MITT ဆိုတာ ကမ္ဘာ့နိုင်ငံပေါင်း (၂၄) နိုင်ငံမှာ ဆိပ်ကမ်းပေါင်း (၅၃) ခုကို ကွန်ရက်ဖြန့်ကြက်လုပ်ကိုင်နေတဲ့ World’s Leading Port Investor & Developer ကြီးဖြစ်သော Hutchison Ports ရဲ့ အဖွဲ့ဝင်လုပ်ငန်းကြီးတစ်ခုဖြစ်လို့ပါပဲ။
ဒါ့အပြင် MITT ဟာ ရန်ကုန်မြစ်ဝမှာ တည်ရှိပြီး၊ Hutchison Ports ရဲ့ နည်းပညာနဲ့ စီမံခန့်ခွဲမှုအောက်မှာ (24/7) ဝန်ဆောင်မှုပေးနေတဲ့ Myanmar’s Largest Container Terminal (မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သေတ္တာဆိပ်ကမ်း) ကြီးတစ်ခုလည်းဖြစ်ပါတယ်။
ဒီလိုမျိုးနိုင်ငံတကာအဆင့်မီ လုပ်ငန်းခွင်မှာ MNC Noblers တွေအနေနဲ့ Port Operations များ၊ Logistics Management လုပ်ငန်းစဉ်များနဲ့ ကုန်စည်စီးဆင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုတွေကို စာသင်ခန်းထဲကသီအိုရီတွေနဲ့ယှဉ်ပြီး လက်တွေ့ ကွင်းဆင်းလေ့လာခွင့်ရရှိခဲ့တာဟာ တကယ့်ကို တန်ဖိုးရှိတဲ့ အတွေ့အကြုံဖြစ်စေမှာပါ။
အနာဂတ်ရဲ့ စီးပွားရေးပညာရှင်၊ စီမံခန့်ခွဲသူများဖြစ်လာကြမယ့် Noblers မောင်မယ်တို့အတွက် ဒီလို Industrial Site Visit အတွေ့အကြုံတွေက လုပ်ငန်းခွင်ဝင်တဲ့အခါမှာ တစ်ပန်းသာစေမယ့် အားသာချက်တွေဖြစ်လာစေလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျား။
ယခုလို ကျွန်တော်တို့ MNC ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာကြိုဆိုပြီး ဗဟုသုတများမျှဝေပေးခဲ့ကြတဲ့ MITT မှ တာဝန်ရှိသူများကိုလည်း Myanmar Noble College နှင့် Noble Education Group မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။
Business Management နှင့် Engineering ဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ယူပြီး လက်တွေ့နယ်ပယ်ထိ ထိုးဖောက်နိုင်ဖို့ MNC မှာ တက်ရောက်သင်ယူလိုပါက -
𝟬𝟵-𝟰𝟰𝟴𝟬𝟲𝟲𝟲𝟲𝟬 / 𝟬𝟵-𝟳𝟱𝟰𝟱𝟯𝟰𝟰𝟲𝟳
Facebook Page Messenger မှလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
MNC Campus Location:
Building Y-10, Upper Pansodan Road, Kandawgyi Yeik Mon Complex / Kandawgyi Housing (North), Mingalar Taung Nyunt Township, Yangon.