Myanmar Noble College

aiming for success
Event & News Events Ford Industrial Site Visit

12 December 2025

ကမ္ဘာ့ထိပ်တန်း Ford ကားစက်ရုံ Assembly Plant သို MNC Mechanical Student Engineers များ၏ လေ့လာရေးခရီးစဉ် (Industrial Site Visit)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၈) ရက်နေ့ က ကျွန်တော်တို 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗼𝗯𝗹𝗲 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗡𝗖) ရဲ့ Pearson BTEC HND Mechanical Engineering Major ကျောင်းသား၊ ကျောင်းသူ Noblers တွေဟာ လက်တွေ့လုပ်ငန်းခွင်ဗဟုသုတများ ရရှိကြစေဖိုအတွက် Capital Motors Limited SKD Assembly Plant (Ford ကားစက်ရုံ) သို သွားရောက်ပြီး "Industrial Site Visit" ပြုလုပ်ခဲ့ကြပါတယ်။
မနက် (၉:၀၀) မှ (၁၂:၀၀) အထိ သွားရောက်ခဲ့ကြတဲ့ ဒီခရီးစဉ်မှာ Noblers မောင်မယ်တွေဟာ ကားစက်ရုံကြီးတစ်ခုလုံးရဲ့ SKD Assembly Process၊ Quality Control အဆင့်ဆင့်နဲ့ Industrial Management လုပ်ငန်းစဉ်တွေကို အသေးစိတ် တစ်ဖွဲချင်းလှည့်လည်လေ့လာခွင့်ရခဲ့ကြတာကြောင့် စိတ်အားထက်သန်မှုအပြည့်နဲ့ အားလုံးအတွက်အကျိုးရှိတဲ့ခရီးစဉ်တစ်ခုဖြစ်စေခဲ့ပါတယ်။
MNC ၏ အဓိကရည်မှန်းချက် - ကျောင်းသား ကျောင်းသူများ ကျောင်းပြီးချိန် အနာဂတ်ဘဝအာမခံချက်ရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ချိတ်ဆက်ပေးခြင်း
ဒီခရီးစဉ်ဟာ Mechanical Engineering Student Engineers တွေအတွက် သက်ဆိုင်ရာဗဟုသုတတွေရစေရုံသာမက၊ MNC နဲ့ Capital Motors Limited (Ford ကားစက်ရုံ) တိုရဲ့ ချိတ်ဆက်မှုကနေတစ်ဆင့် Mechanical Engineering major သာမက Electrical and Electronic Engineering (EEE) နှင့် Business Management major ကျောင်းသား၊ ကျောင်းသူများအတွက်ပါ Internship Opportunities ကောင်းများနှင့် Potential Job ကောင်းများကိုပါ ချိတ်ဆက်ဖော်ဆောင်ပေးနိင်ခဲ့ပါတယ်။
စံချိန်မီကားစက်ရုံတစ်ခုရဲ့ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ၊ အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများကို MNC Noblers တွေအနေနဲ့ စာသင်ခန်းထဲမှသီအိုရီတွေနဲ့ယှဉ်ပြီး ကွင်းဆင်းလေ့လာခွင့်ရခဲ့ကြလို အနာဂတ်လုပ်ငန်းခွင်အတွက် တစ်ပန်းသာစေမယ့်တန်ဖိုးရှိတဲ့အားသာချက်တစ်ခုဖြစ်စေခဲ့မယ်လို ယုံကြည်ပါတယ်ခင်ဗျာ
ယခုလို ကျွန်တော်တို MNC ကျောင်းသား၊ ကျောင်းသူများကို နွေးထွေးစွာကြိုဆိုပြီး လက်တွေ့နယ်ပယ်မှ ဗဟုသုတများမျှဝေပေးခဲ့ကြတဲ့ Capital Motors Limited မှ တာဝန်ရှိသူများကိုလည်း Myanmar Noble College နှင့် Noble Education Group မိသားစုမှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။