Noble Education Group ရဲ့ Blood Donation Campaign
စစ်ကိုင်း Fault ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအားရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့သော မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းဒေသရှိ သွေးလိုအပ်သော ပြည်သူများအတွက် Noble Education Group မှ ဦးဆောင်ကာ သွေးလှူဒါန်းပွဲကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဝန်ထမ်းများ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ပြုလုပ်လှူဒါန်းခဲ့ကြပါတယ်။
Campaign မှာ ပါဝင်လှူဒါန်းသူများအားလုံးကို Noble Education Group မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။
သင့်ရဲ့ သွေးတစ်စက်ဟာ အရေးပေါ်လိုအပ်နေသူတစ်ဦးအတွက် အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။